နယ်ရုံးများ၏သတင်းများ

Jul 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်နိုင်သော အမျှော်အမြင်များ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀) နာရီအချိန်က လိပ်သိုမြို့ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ အောင်သင်း၏ ကိုယ်ကျင့်နဲ့ပညာ စာပေဟောပြောပွဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။
Jul 04,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က မိုင်းလုံမြို့ လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မိုင်းလုံမြို့ရှေ့တန်းရုံးတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
Jul 03,2022
 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှ ဝန်ထမ်းများ ဗီဒီယိုသတင်းများ ရိုက်ကူးတည်းဖြတ်ပေးပို့ရာတွင် အရည်အသွေးများ ယခင်ကထက် ကောင်းမွန်ပြည့်စုံမှုရှိစေရေးအတွက် ရန်ကုန်အ​နောက်ပိုင်း ခရိုင်(ဗဟန်း)၊လူထုအ​ခြေပြုဗဟိုဌာန Community Centre၌  မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူး တည်းဖြတ်နည်းသင်တန်း ဒုတိယနေ့ကို ယ​နေ့နံနက်(၁၀)နာရီက  ဆက်လက်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ 
Jul 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ယနေ့တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု‌‌သောအားဖြင့် Online Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သာ‌ကေတမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
Jul 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ၊ စာပေမှရရှိသော အသိပညာများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ( ၁ဝး၀၀) နာရီက ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆွေးနွေးပွဲ (Talk Show)ကျင်းပ ပြုလုပ်ခဲ့သည်။
Jul 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉)နာရီအချိန်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ခရိုင်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မူကြိုကျောင်းမှ ဆရာမများနှင့် မူကြိုကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။