ဘူးသီးတောင် ဇူလိုင် ၃၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (CommunityCentre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံကပ်စာစောင်၊ ဓါတ်ပုံပြပွဲဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ(၂)နာရီအချိန်က ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကင်းစင်ရေး ပြည်သူအားလုံးပါဝင်ပေး နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများအား ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
လှကျော်