ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီများ တွေ့ဆုံပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် ဆုရရှိခဲ့ကြသူများအား ထပ်ဆင့်ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့် တိုက်များ ကြီးကြပ်ရေးကော်မတီများ တွေ့ဆုံပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် ဆုရရှိခဲ့ကြသူများအား ထပ်ဆင့်ဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အမှာစကားပြောကြားပြီး ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ခရိုင်တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)က တွေ့ဆုံပွဲနှင့် ထပ်ဆင့်ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းအကြောင်း ရှင်းလင်း ပြောကြားပြီး နောက် တက်ရောက်လာကြသည့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ စာကြည့်တိုက်များမှ တာဝန်ခံများ က ပြန်လည် တင်ပြဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံစာကြည့်တိုက် ပညာသင်တန်းတွင် ဆုရရှိခဲ့ကြသည့် ပထမဆုမင်္ဂလာဒုံမြို့နယ်၊ ဒုတိယဆု မှော်ဘီမြို့နယ်နှင့် တတိယဆု အင်းစိန်မြို့နယ်တို့မှ စာကြည့်တိုက် တာဝန်ခံများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်၊ စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဝင် ခရိုင်တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာ ဗိုလ်သံမဏီ-တောင်တွင်းကြီး)နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို