ဘားအံ ဩဂုတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဒေသခံပြည်သူများ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထ ကောင်းများ ပေါ်ပေါက်လာစေပြီး ဘဝတစ်သက်တာသင်ယူမှု၊ လွတ်လပ်စွာ ဆုံးဖြတ်ချက်ချမှုနှင့် လူမှုအဖွဲ့အစည်းများ၏ ယဉ်ကျေးမှုဆိုင်ရာ များ တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော် ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းတွင် အ-ထ-က(၃)၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနများသို့ စာအုပ်စာစောင် များ (၂၆၂)အုပ်အား အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်ပေါင်း (၂၅၀၀)ခန့် တင်ဆောင်၍ သင်တန်း ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေး လျက်ရှိပြီး စာဖတ်ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂) ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်း ပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ် စာအုပ်စာစောင်အုပ်ရေ (၂၀၀)အုပ်ခန့် ငှားရမ်းပေးနိုင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)