လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲ ဆောင်ရွက်

လှိုင်းဘွဲ  ဩဂုတ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးငယ်များအနေဖြင့် ကာယ၊ ဉာဏ်ဏ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့် တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။  

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ကျောင်းသားကျောင်းသူများအနေဖြင့် လူအများရှေ့တွင် ပြောရဲဆိုရဲသောအကျင့်ကောင်းများ ရရှိလာစေရန်၊ ဉာဏ်ရည် ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတများ ပိုမိုရရှိလာစေရန်အတွက် ပြိုင်ပွဲများကို လစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက် ပန်းချီရေးဆွဲခြင်းတို့ကို ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

စောဖိုးခွါး(ပြန်/ဆက်)