ကော့သောင်း သြဂုတ် ၁၉
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက သဘာဝဘေးအန္တရာယ်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြုလုပ်ကျင်းပသည်။
ပြပွဲတွင် မိုးရာသီအတွင်း နိုင်ငံအနှံ့နှင့်အထူးသဖြင့်ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်ဖြစ်ပေါ် ကြုံတွေ့ရတတ်သည့် မုန်တိုင်းအန္တရာယ်နှင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးနှင့် လျှပ်စီးလက်ခြင်းအန္တရာယ်များအား ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးစာစောင်များ၊ ဗီနိုင်ပိုစတာများနှင့် ကူးစက်ဖြစ်ပွားမှု ဆက်လက်ဖြစ်ပေါ်နေဆဲ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံနှင့် နံရံကပ်စာစောင်များအား ခင်းကျင်း ပြသပေးရာ ပြပွဲသို့လာရောက်ကြသည့်လူငယ်မောင်မယ်များ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)