စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင် ဩဂုတ်  ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  Woman Club အဖွဲ့ ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ က စာရေးဆရာလူထုစိန်ဝင်း၏ "လူကြီးလူငယ်ကွာဟမှု "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်  စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတ ရင့်သန်တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး   ဒေါ်လှဲ့လှဲ့ရီ  Woman Club အဖွဲ့ဝင်က  စာရေးဆရာ လူထု စိန်ဝင်း၏  " လူကြီးလူငယ် ကွာဟမှု" စာအုပ်ပါ အကြောင်းအရာများထဲမှ ပညာမာနဆိုတာထား ကောင်းပါတယ် ခေါင်းစဉ်ဖြင့်ဖတ်ကြား ဆွေးနွေး ခဲ့သည်။

ဆက်လက်၍    ဒေါ်ခင်မို့မို့နိုင်  (မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း)  လူကြောင့်လား မှုကြောင့်လား ခေါင်းစဉ်ဖြင့် အသီးသီးဆွေး နွေးပြောကြားခဲ့ပြီး ဒေါ်နွယ်နွယ်စိုးမြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် တက်ရောက်လာသော စာပေဝါသနာရှင်စာဖတ်ပရိတ်သတ်များမှလည်း စာအုပ်ပါ အကြောင်းအရာများထဲမှ  သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေးအေးမိုး(ပြန်/ဆက်)