ရွှေဘို သြဂုတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပလတ်စတစ်စွန့်ပစ်ခြင်းအကြောင်း အသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာလင်းက “ပလတ်စတစ်ဆိုတာ ဘာလဲ၊ ဘယ်နေရာကရတာလဲ၊ ပလတ်စတစ်ကို တီထွင်ခဲ့သူ၊ ဘာကြောင့်သုံးစွဲကြတာလဲ၊ မျက်မှောက်ကာလ ကမ္ဘာမြန်မာ့ပလတ်စတစ်စွန့်ပစ်အမှိုက်တွေက ဘာတွေကို ထိခိုက်စေသလဲ၊ ကျန်းမာရေးထိခိုက်မှု၊ တစ်ခါသုံးပလတ်စတစ်များ၏ ဆိုးကျိုး၊ ပလတ်စတစ်အမှိုက်တွေ လျော့ပါးအောင်ဆောင်ရွက်ရမည့်နည်းလမ်းများ” စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းများကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We love Shwe Bo Facebook Pageတွင်စဉ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်၊ ပြန်/ဆက်