ကရသူရိ ဩဂုတ်လ ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင် ပြည်သူများအား အိုမီခရွန် မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများအနေဖြင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်တွက် အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း(Mask)ကိုတပ်ဆင်ပါ၊ လူစုလူဝေးရှောင်ကြဉ်ပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ပြီးစီးအောင်ထိုးနှံထားကြပါရန်၊ ကာကွယ်ဆေးထိုးနှံ ပြီးစီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကိုအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)