မြို့သစ် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာရရှိစေရန် ရည်ရွယ်၍ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၇ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဟောပြောဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်မှ ကျောင်းသား၊ ကျောင်းသူများအား မျောက်ကျောက်ရောဂါစတင် ဖြစ်ပွားမှု၊ မျောက်ကျောက်ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါကာကွယ်နိုင်မည့်နည်းလမ်းများ၊ မျောက်ကျောက်ရောဂါကူးစက်မှုကြောင့် ကမ္ဘာ့ဒေသများတွင် သေဆုံးမှုအခြေအနေနှင့် မျောက်ကျောက်ရောဂါအများဆုံး ကူးစက်ခံရသည့် နေရာဒေသများအကြောင်း အသိ ပညာပေး ဟောပြောခဲ့ပြီး မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်အား ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန် /ဆက်)