သရက်မြို့၌ လူငယ်နှင့် စာဖတ်ခြင်းအလေ့အကျင့် ခေါင်းစဉ်ဖြင့် Talk Show ကျင်းပ

သရက် ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှှင့် Book Club အဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် လူငယ်နှင့် စာဖတ်ခြင်း အလေ့အကျင့် ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်ပခဲ့သည်။

“ယခုပြုလုပ်တဲ့ Talk Show တွင် လူငယ်နှင့်စာဖတ်ခြင်း အလေ့အကျင့် ခေါင်းစဉ်ပေးထားပါတယ်ဆရာမတို့ စာကြည့်တိုက်မှူးများအနေနဲ့ အနေနဲ့ လူငယ်တွေ စာဖတ်တဲ့ အလေ့အကျင့်ကောင်းများ ဘယ်လိုမွေးမြူရမလဲ ထိရောက်တဲ့ စာဖတ်ခြင်းဖြစ်အောင် ဘယ်လို ဖတ်ရမလဲ”ကို  Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဖြူဖြူအေးက မေးမြန်းရာမှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်ဇာခြည်လွင်က “တစ်နေ့တစ်ရက်မှာ စာဘယ်လောက်ကြာကြာ ဖတ်မလဲ ဘယ်အချိန်ဖတ်မလဲဆိုတာ သတ်သတ်မှတ်မှတ် ထားဖို့လိုပါတယ် ဘယ်အချိန်ဖတ်မလဲ သတ်မှတ်ထားတဲ့ အချိန်မှာ စာကိုဖတ်ဖြစ်အောင်ဖတ်ပါ အလေ့အကျင့်ကောင်း ရသွားရင် သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် စာမဖတ်ရမနေနိုင်ကို ဖြစ်သွားပါလိမ့်မယ်”လို့ ဖြေကြားပေးခဲ့သည်။

ထို့နောက် ဆရာမ ဒေါ်ချိုဇင်က သတ်မှတ်ထားတဲ့ အချိန်မှာ ဘယ်လိုစာတွေ ဖတ်ရမလဲ မေးမြန်ရာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးငြိမ်းသူက “လူငယ်တွေအနေနဲ့ ကိုယ်စိတ်ပါဝင်စားမဲ့ စာအုပ်စာပေကိုဘဲ ဖတ်ဖို့ အကြံပြုလိုပါတယ် ခုမှ စာဖတ်တဲ့ သူတွေကို ဂန္တဝင်စာအုပ် အထူကြီးတွေ အဖတ်ခိုင်းရင် ခေါင်းအုံး ဖြစ်သွားပါလိမ့်မယ် မဖတ်ခင်ကထဲက ပျင်းသွားမှာပေါ့ သန်းဝေပြီး အိပ်ပျော်သွားမှာပေါ့ လူငယ်တစ်ဦးစီဟာ ကိုယ်စိတ်အား ထက်သန်းရာ စာတွေ ကာတွန်းဖြစ်ပါစေ သိုင်းဝတ္ထု ဖြစ်ပါစေ၊ အချစ်ဝတ္ထု ဖြစ်ပါစေ စုန်းကဝေ စာပေ ဖြစ်ဖြစ်ပါ ဖတ်ပါ အဲဒီကမှ တဆင့် စာဖတ်ခြင်းအလေ့အကျင့်ကို မွေးမြူရမှာဖြစ်ကြောင်း” ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)