ကရသူရိ ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများအား ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား/သူများ ကျောင်းပိတ်ရက်အားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်/ စာပေများဖတ်ရှုလေ့လာခြင်း၊ ကြိုက်နှစ်သက်ရာ အားကစားနည်း များကို ပါဝင်ယှဉ်ပြိုင်ကစား ခြင်းဖြင့် အသိပညာများနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ ကလေးငယ်များ ကြိုက်နှစ်သက်သည့် ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲကိုကျင်းပ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်ကျောင်းသား/သူများနှင့် စာကြည့်တိုက်သို့လာရောက်သည့် ကလေးငယ်များဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာဗဟုများတိုးပွားရေးအတွက် ပုံပြင်ပြောခြင်းနှင့် စိတ်ဝင်စားစရာများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)