ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၇
စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့ ညနေ ၂ နာရီခွဲ အချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထုတ်ဝေသည့် လူငယ်နှင့် ကြီးပွားရေး ခေါင်းစဉ်ပါစာအုပ်၏ ဆောင်းပါးများဖြစ်သည့် ဘဝစာမေးပွဲနဲ့ဘဝတိုက်ပွဲ၊ အသက်သွင်းတတ်သော မှော်ဆရာများ၏ကျေးဇူး၊ နယ်နိမိတ်ချောင်းလေးတစ်ခု၊ အနုပညာ ၏အရသာ၊ စသည့်ခေါင်းစဉ်ပါ ဆောင်းပါးပါအကြောင်းအရာများးအား စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှတစ်ဦးချင်း စီအလှည့်ကျဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)