ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားကျောင်းများနှင့်စာပေချစ်မြတ်နိုးသူများ စာအုပ်စာပေများပုံမှန်ငှားရမ်းဆောင်ရွက်

အုတ်ဖို ဩဂုတ်၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများက အားလပ်ချိန်များတွင် စာအုပ်စာပေများငှားရမ်းဖတ်ရှုခြင်းများပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သည့် ကျောင်းသား/သူလေးများနှင့် ဒေသခံပြည်သူများအား စာကြည့်တိုက်မှူးက စာငှားကဒ်များပြုလုပ်ပေးကာ စာအုပ်များ ငှားရမ်းပေးခြင်းနှင့် စာအုပ်များ ဖတ်ရှုစေခြင်းတို့အပြင် ကျောင်းသားကျောင်းသယများအား ဗဟုဟုတရရှိစေမည့် ပုံပြောပြခြင်း၊ ဂိမ်းကစားနည်းများပြုလုပ်စေခြင်း၊ (Museum) ပြတိုက်ငယ်များကို လေ့လာစေခြင်း၊ အသိပညာပေး နံရံကပ်ပိုစတာများ ပြသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အုတ်ဖိုမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များနှင့် အခြေခံပညာကျောင်းများသို့သွား ရောက်ကာစာဖတ်ရှိန်မြင့်တင်ရေး လုပ်ငန်းများ၊ အသိပညာပေးဟောပြောပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ