သာစည် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ online မှတဆင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး အသိပညာပေး Talk Show ကို သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦစီးအရာရှိဒေါ်သင်းသင်းက အသိပညာပေး Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ဆွေးနွေးပွဲကို ပြုလုပ်ရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်မင်းထွန်း-၂ က ၂၀၂၂-၂၀၂၃ ခုနှစ်၌ မိုးရာသီ လူထုဖြန့်ပျိုးပင်နှင့်ဌာနစိုက်ခင်းများ စိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ အပူပိုင်းဒေသမြို့နယ်ဖြစ်သည့်အတွက် အရိပ်ရအပင်များဖြစ်သည့်ရေတမာ၊ ခရေနှင့်မယ်ဇလီ၊ပန်းအလှပင်များဖြစ်သည့် စိန်ပန်း၊ ငုရွှေ၊ ငုစပ်၊ သစ်၊ ထင်း၊ တိုင်၊ မျောရရှိရေး အတွက်ကျွန်း၊တမာ၊ကုက္ကို၊ယူကလစ် စသည်ဖြင့် ဒေသဖြင့်ကိုက်ညီသည့် ပျိုးပင်များပျိုးထောင် ဖြန့်ဝေစိုက်ပျိုးဆောင်ရွက်ထားရှိခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ အကြောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှစိုက် ခင်းများထူ ထောင်ထားရှိမှုနှင့် ထိန်းသိမ်းမှု အပိုင်းများ၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဆာင်ရွက်မှုအခြေ အနေများနှင့်ဆက်လက် ဆောင် ရွက်သွားမည့်အခြေအနေများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)