ပင်လုံမြို့ အထက(၁) ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပင်လုံ  သြဂုတ် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့အထက(၁)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ပင်လုံနယ်မြေရဲစခန်းတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အထက(၁)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေစင်ဝင်းက လူကုန်ကူးမှုအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အိမြတ်နိုးသူက လူကုန်ကူးမှုနှင့်ပတ် သက်သည့်အသိပညာပေး အကြောင်းအရာများ၊ လူကုန်ကူးခံရခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုးကျိုးများနှင့် ပင်လုံနယ်မြေရဲစခန်းမှူး ဦးတင်မိုးလှိုင်က လူကုန်ကူးမှု သိမှတ်စရာဉပဒေပုဒ်မများအကြောင်း ရှင်းလင်းဟောပြောပြီး ကျောင်း သား/ကျောင်းသူများက သိချင်တာများကို ပြန်လည်မေးမြန်းကြသည်။

ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေး တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ ပြသရာကျောင်းသား/ကျောင်းသူများ ကလေ့လာကြည့်ရှုခဲ့ကြပြီးသိရှိလိုသည်များကို မှတ်သားထားကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)