အုတ်ဖိုသြဂုတ် ၂၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်၏ အသိပညာပေးကဏ္ဍ အများပြည်သူ ထံမှတုံ့ပြန်မှုရယူခြင်းအစီအစဥ်"1111" Public Feedback Programme အစီအစဥ်အရ ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတကာအဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုများနှင့် စပ်လျဉ်းသည့် အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ကောက်နုတ်ချက်များ၊ အဂတိတရား (၄)ပါး၊ အဂတိလိုက်စားမှု၏ဆိုးကျိုးများ၊ အဂတိလိုက် စားပါကတိုင်ကြားနိုင်သည့် အဂတိလိုက်စားမှုတို က်ဖျက်ရေးကော်မရှင်ရုံးနှင့် ရုံးခွဲများ၏ လိပ်စာများပါရှိကြောင်း သိရသည်။
အောင်သူ