တွံတေးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

တွံတေး  ဩဂုတ်  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံ တေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲတို့ကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် အ.မ.က ( မူလွန်)ကျောင်းအုပ်ကြီးဦးလှဦးက အဖွင့်အမှာစကား ပြောကြားပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင်အခြားသော အထွေထွေဗဟုသုတအတွက် စာပေဖတ်ရှုရန်လိုအပ် ကြောင်း၊စာအုပ်စာပေ ကသာကျောင်းသား/ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုး အကြောင်း အဆိုးအကောင်း တို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆိုကို ယ်တိုင်စဉ်းစားတွေး ခေါ်တတ်လာမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက စာကြည့်တိုက်ဖြင့် လူကိုပြုစုပျိုးထောင်ခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး မျောက်ကျောက် ရောဂါအသိပညာပေး နံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြ ကြောင်း သိရသည်။

တွံတေးသား