နယ်ရုံးများ၏သတင်းများ

Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ က ပုလောမြို့ အထက(၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြသထားကြောင်း သိရသည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍဖွံဖြိုးတိုးစေရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဒါး အခြေခံပညာအထက်တန်းကျောင်းသပြေညိုခန်းမကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကာလိနယ်မြေရဲစခန်းသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူငယ်လူရွယ်လေးများ အသိပညာ တိုးပွားစေရန်နှင့် ကာယဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ International Private School မှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စက်တင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လေထုညစ်ညမ်းမှု အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျင်းခဲ့သည်။
Sep 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။