ကာလိမြို့ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကာလိ စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၁၁)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကာလိနယ်မြေရဲစခန်းသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဝန်ထမ်းများကိုဦးဆောင်ပြီး ကာလိမြို့ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်းခြင်းအခက်အခဲဖြစ်သည့် စာဖတ်ပရိတ်သတ်များ ၊ စာဖတ်ဝါသနာရှင်များကို  သုတ၊ ရသစာအုပ်များကို တစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)