နယ်ရုံးများ၏သတင်းများ

Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့်အလေ့ အကျင့်ကောင်းများဖြစ်လာစေရန်နှင့်  စာအုပ်စာပေများကိုချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက်(Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများလက်ဝယ် အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အ-ထ-က(ခွဲ-၂) ဘားအံ၊ ပြည်နယ် သစ်ထုတ်လုပ်ရေးနှင့်   ခရိုင်ပတ်ဝန်းထိန်းသိမ်းရေးဦးစီးဌာနသို့  စာအုပ်စာစောင်များ အခမဲ့သွားရောက် ငှားရမ်းပေးခဲ့သည်။
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဒါးအခြေခံပညာ အထက်တန်းကျောင်း သပြေညိုခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့သည်။
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ က ပုလောမြို့ အထက(၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 07,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြသထားကြောင်း သိရသည်။
Sep 07,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး ပေါင်း၍လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် လူငယ်အားကစားကဏ္ဍဖွံဖြိုးတိုးစေရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေဒါး အခြေခံပညာအထက်တန်းကျောင်းသပြေညိုခန်းမကျင်းပပြုလုပ်ခဲ့သည်။