လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို  စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာ ပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီက ပြသထားကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မျိုးဗီဇကွဲဆိုတာ ဘာလဲ၊  Omicron မှ မည်သို့ကာကွယ်နိုင်မည်နည်း ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ၊ Omicron ၏ ထူးခြားသောအချက်များ၊ အိုမီခရွန် (Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ကာကွယ်ပါ၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ မပျက်မကွက်တပ်ဆင်ပါ စသည့် အသိပညာပေးနံရံကပ်စာစောင်တွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတ ရရှိပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသထားကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)