ကလေးဝမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

ကလေးဝ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စက်တင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် လေထုညစ်ညမ်းမှု အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျင်းခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဟေမာဆွေက လေထုညစ်ညမ်းမှု၏အဓိပ္ပါယ်၊ လေထုဖွဲ့စည်းပုံ၊ လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ရာသီဥတုပြောင်းလဲဖြစ်ပေါ်နိုင်ပုံ၊ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ခြင်း၏ ဆိုးကျိုးများနှင့် လေထုညစ်ညမ်းမှုကို ကာကွယ်၊ လျှော့ချနိုင်သည့် နည်းလမ်းများ စသည့်အချက်များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုဇော်