လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြိုင်ပွဲများပြုလုပ်

လားရှိုး စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူငယ်လူရွယ်လေးများ အသိပညာ တိုးပွားစေရန်နှင့် ကာယဉာဏစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ International Private School မှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကိုပြောကြားခဲ့ပြီး လားရှိုးလူထုအခြေပြုဗဟိုဌာန Community Centre ၊ စာကြည့်တိုက်ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲအားလည်းကောင်း၊ သင်တန်းခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအားလည်းကောင်း ကျင်းပရာ ကျောင်းသား/ ကျောင်းသူများက မိမိတို့သက်ဆိုင်ရာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများက လူထုအခြေပြုဗဟိုဌာန Community Centre ၊ စာကြည့်တိုက်ခန်းမတွင် ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များနှင့် နံရံကပ်ပြဘုတ်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး