ပိုင်ကျုံ စကတင်ဘာ ၉
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ် ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများ လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က လူထုအခြေ ပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များစာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
ကျောင်းပိတ်ရက်များတွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်မှကျောင်းသားလူငယ်များတို့အား ပိုင်ကျုံမြို့ ပြန်/ဆက်ဦးစီးဌာနမှဒုတိယဦးစီးမှူး ဒေါ်နော်ခူးခူးနှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လက်မှုပညာတိုးတက်စေပြီး ကာယဉာဏ်ဏဖွံ့ဖြိုးတိုးတက်ရေးစေအတွက် စက္ကူခေါက်ပြိုင်ပွဲ၊ ဘိုးလင်းပစ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက် ယယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာ စာအုပ်များ ပေးအပ်ခြင်း၊ အာဟာရမုန့်များကျွေးမွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်ကျောင်းပိတ်ရက်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)