နယ်ရုံးများ၏သတင်းများ

Sep 16,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သည့် စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၁:၁၅) အချိန်တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နေ့လယ်(၁)နာရီခွဲအချိန်က စကားပုံဆက်ပြိုင်ပွဲဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Sep 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေး ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။
Sep 15,2022
ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  ကျင်းပကြောင်း သိရသည်။
Sep 15,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ၊ ကျောင်းသူများအား လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre ) ခန်းမ၌  ကျင်းပကြောင်းသိရသည်။