နယ်ရုံးများ၏သတင်းများ

Sep 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Sep 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်းတင်ဆက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ဆောင်ရွက်ခဲ့ကြသည်။
Sep 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။
Sep 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်
Sep 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က စာရေးဆရာ အကြီးကိုကို(ကသာ) ရေးသားထားသည့် "လူငယ်လူကောင်း" စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
Sep 16,2022
ကချင်ပြည်နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်များအား Software Program ဖြင့် ပြည်ထောင်စု National Server သို့ ထည့်သွင်းခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်အတွင်းရှိ ဝန်ထမ်းများဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး၍ လုပ်ငန်းဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့က စာရေးဆရာအောင်သင်းရေးသားသည့် ''လက်ဆင့်ကမ်းခဲ့သောလုပ်အားတန်ဖိုး'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် ကျင်းပသည်။
Sep 16,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။