နယ်ရုံးများ၏သတင်းများ

Sep 14,2022
ပဲခူးတိုင်းဒေသကြီး၊  ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ အ.ထ.က(၅)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရးရာ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 14,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်၍
Sep 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်၊ Mobile Library စနစ်ဖြင့် စာငှားလုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 14,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အခြေခံ ပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Sep 14,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။