သရက်ချောင်းမြို့၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် မိုင်းအန္တရာယ်အသိပညာပေး ဆွေးနွေးပွဲ နှင့်နံရံကပ်စာစောင် ပြပွဲဆောင်ရွက်

သရက်ချောင်း    စက်တင်ဘာ ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ မိုင်းအန္တရာယ် အသိပညာပေးဆွေးနွေး ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အန္တရယ်ဖြစ်ပေါ်စေတတ်သော မိုင်းအမျိုးမျိုးအကြောင်းသိ ကောင်းစရာများ၊ မပေါက်ကွဲသေးသော စစ်လက်နက်ခဲယမ်းများတွေ့ရှိပါက ထိတွေ့ကိုင်တွယ်မှု မပြုပဲ သက်ဆိုင်ရာကို အကြောင်းကြားပေးကြရန်၊  မသင်္ကာစရာပစ္စည်းများတွေ့ရှိပါက မကိုင်မိစေရန်စသည့် သိကောင်းစရာများကိုဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသူ၊ကျောင်းသားများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူ များကျောင်းသင်ခန်းစာအပြင် အထွေထွေဗဟုသုတများတိုးပွားလာစေရန် သုတ၊ ရသ၊ စာအုပ်၊ စာနယ်ဇင်းများကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)