နယ်ရုံးများ၏သတင်းများ

Aug 26,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူလတန်းလွန်ကျောင်း(အောင်သုခ)တွင် ယနေ့နံနက်ပိုင်းက ကျောင်း သား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက် စေရန်နှင့် အသိပညာ ဗဟုသုတများရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Aug 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပင်းတယမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် တိရိစ္ဆာန်များရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး TAIK SHOW ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့သည်။
Aug 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလတ်စတစ်သုံးစွဲခြင်းကြောင့် ရင်ဆိုင်ကြုံတွေ့ရမည့် ဆိုးကျိုးအန္တရာယ်များ အကြောင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 26,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လူငယ်နှင့်ဘဝတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 25,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌ရေး၊ လက်မှုပညာဖွံ့ဖြိုးတိုးတက်‌စေရေးနှင့် စိတ်အပန်းဖြေပျော်ရွှင်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ ၁ နာရီက ပြိုင်ပွဲများ  ဆောင်ရွက်ပေးခဲ့သည်။
Aug 25,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ရုံးအနေဖြင့် စာဖတ်သူများအနေဖြင့် အသင်းအဖွဲ့အလိုက် ဆောင်ရွက်တက်စေရန်နှင့် စာအုပ်စာပေများအားဖတ်ရှုပြီး ပြန်လည်မျှဝေတတ်စေရန် စသော ရည်ရွယ်ချက်များဖြင့် ယမန်နေ့ညနေ ၃နာရီ အချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် Community Center တွင် ပြုလုပ်ခဲ့သည်။
Aug 25,2022
ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာလေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ကိုယ်ကာယကြံ့ခိုင်ရေး (Fitness Dance) သင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Aug 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အမုန်းစကားနှင့် သတင်းအမှားဆိုင်ရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။