စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်

စေတုတ္တရာ စက်တင်ဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၁:၁၅) အချိန်တွင် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဒုတိယဦးစီးမှူး ဒေါ်အေးမြသန္တာမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြို့နယ်သာသနာရေးမှူးရုံး ဦးစီးအရာရှိ ဦးစက်ဝေမှ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာ သိကောင်းစရာ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်မိုးညွန့်မှ မြို့နယ်ရုံး စာကြည့်တိုက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

စည်သူထွန်းလင်း(ပြန်/ဆက်)