စေတုတ္တရာ စက်တင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စေတုတ္တရာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်က အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်မှ အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်မိုးညွန့်မှ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းစိုး မှ အိုဇုန်းလွှာထိန်းသိမ်းရေး အသိပညာပေးဆိုင်ရာများအား ဟောပြောပြီး power point ဖြင့် အကျယ်တစ်ဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးခန်းမတွင် စာအုပ်စာစောင်များ၊ ပြပွဲ၊ ပြခန်းများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
စည်သူထွန်းလင်း(ပြန်/ဆက်)