Aug 20,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌၊ ငပလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ငပလီမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ငပလီမြို့ပေါ်ရှိ မိဘပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့သည်။