တပ်ကုန်း စက်တင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်နှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) အဖွဲ့ဝင်များ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထား သည့် “ ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ ” စာအုပ်ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။
စာဖတ်ဝိုင်းတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ - ပျဉ်းမနား)နှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးမျိုးမြင့်(မျိုးမြင့်-မြန်မာစာ)၊ ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင် -တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသည့် “ ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ ဝှက်ချက် ၁၀၀ ” စာအုပ်တွင် ပါရှိသည့် ပျော်ရွှင်မှုအတွက် နည်းဗျူဟာသုံးပါ၊ အမြဲတမ်းအနိုင်ရဖို့ မလိုအပ်ပါ၊ မိတ်ဆွေတိုးပွားအောင်လုပ်ဆောင်ပါ၊ ငွေပေးလို့မရမိတ်ဆွေဘဝ၊ စစ်မှန်သော မျှော် လင့်ချက်များထားရှိပါ၊ အခြားသူတို့နှင့်မျှဝေခံစားပါ၊ သင်လုပ်မည်ဟုပြောထားတာကိုလုပ်ဖြစ် အောင်လုပ်ပါ၊ သင်၏မိတ်ဆွေများနှင့် မိသားစုအပေါ် ရန်လိုစိတ်မထားပါနှင့်၊ စေတနာ့ဝန်ထမ်း လုပ်ငန်းများ၊စာဖတ်ပါ ခေါင်းစဉ်များနှင့်အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)