ညောင်တုန်း စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ကျောင်းသား/ကျောင်းသူလေးများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး စိတ်ဓာတ်ခွန်အား ထက်မြတ်စေရန်၊ အချင်းချင်းရင်းနှီး ချစ်ခင်စည်းလုံးစေရန်နှင့် ကျန်းမာပျော်ရွှင်စေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား/ကျောင်းသူလေးများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)