နယ်ရုံးများ၏သတင်းများ

Aug 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ငါးလုပ်ငန်းဦးစီးဌာန၊အင်းစိန်မြို့နယ်ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
Aug 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ပေါ်ရပ်ကွက်များ အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့် BA.5ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက်အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  လှည့်လည်အသိပညာပေး နှိုးဆော်ကြကြောင်း သိရသည်။
Aug 26,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးကွဲ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Aug 26,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌  စက္ကူပန်းအလှပြင်သင်တန်း (အခမဲ့) ကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်းသိရသည်။
Aug 26,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဝဲကြီး(၁) ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 26,2022
မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏မျိုးစိတ်အသစ်  BA.4 နှင့် BA.5 များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒေသနေပြည်သူများ သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်လျက်ရှိရာ  ယနေ့နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံး ဝန်ထမ်းများက ကရင်မြန်မာနှစ်ဘာသာဖြင့် မြို့ပေါ်/ရပ်ကွက်များအတွင်း Hand Speaker ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Aug 26,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုစိတ် တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲက စာအုပ်ပြပွဲကို ခင်းကျင်းပြသ ဆောင် ရွက်ခဲ့သည်။