ပျဉ်းမနားမြို့နယ် လူထုအ‎‎ခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေး

ပျဉ်းမနား စက်တင်ဘာလ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့က စာရေးဆရာအောင်သင်းရေးသားသည့် ''လက်ဆင့်ကမ်းခဲ့သောလုပ်အားတန်ဖိုး'' စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲတွင် ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင် က စာဖတ်ဝိုင်းများကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  ''လက်ဆင့်ကမ်းခဲ့သောလုပ်အားတန်ဖိုး'' စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ/ဆရာမများနှင့် စာပေဝါသနာရှင်များက ''လက်ဆင့်ကမ်းခဲ့သောလုပ်အားတန်ဖိုးစာအုပ်"ပါ အကြောင်းအရာများကို မိမိတို့၏ ဘဝအတွေ့အကြုံများဖြင့် ပေါင်းစပ်၍ အသီးသီးဆွေးနွေးကြသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့အနေဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာရေးသူ/စာပေဝါသနာရှင်များပူပေါင်း၍ စဉ်ဆက်မပြတ် ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)