သံတောင်ကြီး စက်တင်ဘာ ၁၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များက အားလပ်သည့်အချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှုပိုမိုတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ စာကြည့်တိုက်သို့ လာရောက်သည့် ကျောင်းသားလူငယ်များအား ပုံပြင်စာအုပ်များဖတ်ပြခြင်း၊ ကဗျာရွတ်ဆိုပြခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နီလာအေး