နယ်ရုံးများ၏သတင်းများ

Sep 23,2022
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအား ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာလာရောက်အသုံးချတတ်စေရေးအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Sep 23,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီယူကြစို့ နံရံကပ်နှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရှိရသည်။
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစု‌ပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Library Management System Software အသုံးပြုနည်းဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်အတွင်းရှိ အဆောင်များတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ညနေ ၃ နာရီတွင် ဆောင်ရွက်ကြောင်း သတင်းရရှိသည်။
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဘားအံမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Sep 23,2022
 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာဦးဆန်းဦး မင်းလပြည့်(ဟားခါး)၏ “မိုးယံထက်ကအလှပန်းများနှင့်အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။