နယ်ရုံးများ၏သတင်းများ

Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများနှင့် (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမြတ်ထွဋ်ညွန့် ရေးသားထားသည့် "ဘဝကိုပြောင်းလဲစေသော အတွေးအခေါ်များ အတွဲ(၂)" စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ပေါင်းတည်မြို့မှ ရွှေတည်(၂)ကွက်သစ်သို့ ဆက်သွယ်ဖောက်လုပ်ထားသော ပန်းခြံလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်၊ ဇွန်လကုန်မှစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကာလိနယ်မြေရဲစခန်းသို့ Mobile Library စနစ်ဖြင့် နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြင်ကသာကျေးရွာ၊ အ.ထ.က(ပြင်ကသာ) ကျောင်းခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Sep 21,2022
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြား တတ်လာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် သုတ/ရသ စာအုပ်များအခမဲ့သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့  နံနက်(၁၀)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။
Sep 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းအိုမီ ခရွန်မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး များ အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက်  မိဘပြည်သူများ အနေဖြင့်  ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန် အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့ညနေက သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့်စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 21,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာလယ်တွင်းသားစောချစ် ရေးသားသော “ကောင်းစွာပြောဆိုနိုင်ပါစေ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။