Sep 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူပြည်သူများ ဆီကိုအလွန်အကျွံစားသုံးခြင်းမှ ရှောင်ကျဉ်နိုင်စေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုအလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ “စားသုံးသူများ ကျန်းမာစေဖို့ ဆီစားသုံးမှုလျှော့ချစို့” အသိပညာပေး Talk Showအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွှဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။