ဘားအံမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဘားအံ  စက်တင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အားကစားဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘားအံမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာအပြင် ပြင်ဗဟုသုတရရှိစေမည့် စာပေများကို ဖတ်ရှုလေ့လာဖို့လိုကြောင်း၊ စာပေ၏အကျိုးကျေးဇူးများကို လည် းကောင်း၊ မြို့နယ် အား ကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နော်ဩသျှဖောက အားကစားအကြောင်း သိကောင်းစရာနှင့် လူငယ်နှင့်ခေါင်းဆောင်မှု စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ကြီးများကလက်ခံရယူခဲ့ပြီး ကျောင်းသားကျောင်းသူများအား ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

  ခရိုင် (ပြန်/ဆက်)