မဟာ‌အောင်မြေမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၂၃

 မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာဦးဆန်းဦး မင်းလပြည့်(ဟားခါး)၏ “မိုးယံထက်ကအလှပန်းများနှင့်အခြားဝတ္ထုတိုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မဟာ‌အောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပေးခဲ့ပြီး၊ စာရေးဆရာဦးဆန်းဦး မင်းလပြည့်(ဟားခါး)မှ “ချင်းလူမျိုးတွေအမြတ်တနိုးထားတဲ့ တောင်ဇလပ်ပန်းအရွက်တွေက ထူပြီးပြောင်ချောတယ်၊ ရဲရဲနီတဲ့ပန်း၊ အုံ့ဆိုင်းပြီးစုပြုံပေါက်တတ်လို့ မြင်သူရင်ထဲကို စွဲလမ်းကြည် နူးစေတယ်၊ ချင်းလူမျိုးတွေဟာ တက္ကသိုလ်တက်ရင် အားလုံးက ဝိုင်းဝန်းထောက်ပံ့ကြလို့ဘွဲ့ရတယ်၊ ‌ဝိုင်းဝန်းထောက်ပံ့ပေးလို့ ဘွဲ့ရပြီဆိုရင် ဌာနဆိုင်ရာအလုပ်တွေ တာဝန်ယူလုပ်ကိုင်ရပြီဆိုရင်လည်း အခုငါ့အလှည့်ရောက်ပြီ၊ လမ်းတွေဖောက်ဖို့ ဌာနဆိုင်ရာ တွေနဲ့ညှိနှိုင်းရအုံးမယ်၊ ရွာကကျောင်းတက်နေတဲ့ကလေးတွေအတွက် ဆောင်ရွက်ပေးရဦးမယ်၊ လောလောဆယ်ရွာမှာ ရေခန်းနေလို့ လုပ်ရအုံးမယ်ဆိုတဲ့ ကိုယ်ဆီကိုယ်ဆီ တာဝန်သိစိတ်တွေရှိတဲ့အ‌ကြောင်း ချင်းလူမျိူးတို့ရဲ့ နိုင်ငံအပေါ်သစ္စာရှိမှု၊ ကျေးဇူးတရားကို ပြန်လည်သိတတ်မှုများကို အကျယ်တဝင့် ဆွေးနွေးပြီး၊ စာရေးဆရာ ဦးမောင်‌မောင်(မင်းဏီလူ)ကလည်း ချင်းလူမျိုးတွေ တန်ဖိုးထားတဲ့ နွားနောက်ကို လူတိုင်းမွေးသင့်တယ်၊နွားနောက်က ချင်းတိုင်းရင်းသားတွေရဲ့ အဖိုးတန်ရတနာပါပဲ၊ နွားနောက်သားနဲ့ခေါင်ရည်တိုက်တာဟာ ချင်းတိုင်းရင်းတို့ရဲ့ အကောင်းဆုံး ဂုဏ်ပြုဧည့်ခံကျွေးမွေးမှုတစ်ခုဖြစ်တဲ့အကြောင်း ယခုစာအုပ်ဟာ ချင်းလူမျိူးတို့ရဲ့ဓလေ့ရိုးရာ တွေကို ဖော်ညွှန်းပြသတဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း အသီးသီးထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုလို စာဖတ်ဝိုင်းကို တက်ရောက်ဆွေးနွေးပေးသော ဆရေးဆရာဦးဆန်းဦး မင်းလပြည့် (ဟားခါး)၊စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာ ဦးမောင်မောင် (မင်းဏီလူ)နှင့် တက်ရောက်ပေးသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း ဦးစီးအရာရှိ ဦးဘိုဘိုဟန်မှ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း၏