ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်များခင်းကျင်းပြသ

ရမ်းဗြဲ စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထု‌နေ့အထိမ်းအမှတ်အဖြစ် စာပေအသိပညာများတိုးပွားစေရန်၊ ဗဟုသုတတိုးပွားပြီး စာကြည်တိုက်သို့လာရောက်ပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်လျက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ် စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲကို ပြသရခြင်းမှာ လူငယ်များအနေဖြင့် စာအုပ်စာပေများကို လေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွာလာစေရန်၊ အမှား/အမှန်ကို ဝေဖန်ပိုင်းခြား တတ်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်တို့အတွက် ခင်းကျင်းပြသပေးခြင်း ဖြစ်သည်။ ၎င်းပြပွဲတွင်သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ကလေး စာပေများကို ခင်းကျင်းပြသထားရှိပြီး ပြပွဲကို ညနေ ၄ နာရီထိ ပြသလျက်ရှိကြောင်း သိရသည်။

အောင်နိုင်(ပြန်/ဆက်)