တောင်ဥက္ကလာပမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဟောပြောပွဲကျင်းပ

တောင်ဥက္ကလာပ  အောက်တိုဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံဖြိုးရေး၊ ကျန်းမာကြံ့ခိုင်ရေး၊‌ အနာဂတ်တွင် လူရည်ချွန်များဖြစ်စေရန်နှင့် ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိစေရန်အတွက် လူငယ်နှင့်ကျန်းမာ‌ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေနှင်းမှ ပြောကြားခဲ့ပြီး လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်သန်မာသော၊ ထူးချွန်ထက်မြက်သောလူချွန်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ ကိုယ်ကျန်းမာစိတ်ကျန်းမာမှုရှိမှ ဘဝကိုကောင်းမွန်စွာတည်ဆောက်နိုင်မည်ဖြစ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်သောအချိန်များကို ကျန်းမာရေးလေ့ကျင့်မှုများဖြင့် အကျိုးရှိစွာအသုံးချတတ်စေရေးအတွက် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူ Book Club တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများဗလငါးတန်ဖွံ့ဖြိုး‌ရေး၊ ကျန်းမာရေး၊ စာဖတ်ရှိန်မြင့်မားရေးအတွက်  အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဟောပြောခဲ့ပြီး ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)