လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ကုလသမဂ္ဂနေ့အထိမ်းအမှတ် Talk Show ကျင်းပ

လှိုင်သာယာ(အနောက်)   အောက်တိုဘာ ၂၅

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၄)ရက်နေ့တွင်  ကျရောက်သည့် ကမ္ဘာ့ကုလသမဂ္ဂနေ့ အထိမ်းအမှတ် Talk Show ကို ယမန့်‌နေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ(အနောက်ပိုင်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ဦးစီးအရာရှိ(တာဝန်ပေး)က ကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာဦးသူရဇော်က ကမ္ဘာ့ကုလသမဂ္ဂနေ့ဖြစ်ပေါ်လာပုံ၊ ကုလသမဂ္ဂအဖွဲ့ကြီးဖွဲ့စည်းရသည့် ရည်ရွယ်ချက်နှင့် ကုလသမဂ္ဂကြီး၏စွမ်းဆောင်ချက်စသည့် အကြောင်းအရာများကို  အပြန်အလှန်ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)