စုကလိ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကလေးငယ်များအား ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် ကလေးစာဖတ်ခန်းအားမည်သို့မည်ပုံ အသုံးချတတ်စေရေး ရည်ရွယ် ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စုကလိမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စုကလိမြို့ရုံးမှ စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်က ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပေးပြီး မူလတန်းအဆင့်ကလေးငယ်များဖြင့် ထိုင်ခုံလုပြိုင်ပွဲနှင့် ဘောလုံးခြင်းပစ် ပြိုင်ပွဲများကို ပျော်ရွှင်စွာ ယှဥ်ပြိုင်ခဲ့ကြပြီး နောက်ဆုရရှိသူများအား တာဝန်ရှိသူ တစ်ဦးမှဆုများ ပြန် လည်၍ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုပိုအောင်