သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Woman Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

သံတွဲ  အောက်တိုဘာ ၂၆

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အမျိုးသမီးများအဖွဲ့ (Woman Club )နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည် က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် သံတွဲခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှုအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူက စာရေးဆရာ  ပေါက်ပေါက် ရေးသားသည့် "ကျန်းမာသုခလူနေမှုဘဝ" စာအုပ်မှ "ရေလုံးဝမသောက်သင့်သောအချိန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး  ဒေါ်သင်းသင်းမာက စာရေးဆရာမ မေသင်္ကြန်ဟိန် (မြစ်မခ)ရေးသားသည့် "ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ပါ" စာအုပ်မှ "လှပစွာနေထိုင်ပြဖို့" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း အဖွဲ့ဝင် ဒေါ်သီတာလွင်က "သူ့နေရာက ဝင်ကြည့်ပေးဖို့ တွန့်ဆုတ် နေပါနဲ့နော်" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများကို လစဉ်ဆောင်ရွက် ပေးလျက် ရှိပါသည်။

စန္ဒာကြည် (ခရိုင်ပြန်/ဆက်)