သာယာဝတီ အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာရေးဆရာဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံး ဘဝတစ်ခုတည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ (Book Club) အဖွဲ့ဝင် ဦးထွန်းထွန်းလင်း(ပန်းတကာမောင်ထွန်း)က တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ ဖန်တီးတည်ဆောက်ခွင့်ရှိသည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး မိုးသဲအောင် (ပန်းမြေ)က အကောင်းဆုံးထက် ပိုကောင်းအောင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ဦးထက်လွန်းက အောင်မြင်ရမည်ဟူသော စိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်အေးကျော် (သာယာဝတီ)က အလုပ်ကိုမကြောက်သည့်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော (Book Club)အဖွဲ့များအား အ.လ.က (သာယာဝတီ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ (Book Club) အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ကြသည်။
သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)