ကြည့်မြင်တိုင် အောက်တိုဘာ ၂၇
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြည့်မြင်တိုင်မြို့နယ်ရုံးမှ ဒေါ်ခိုင်ဇာလင်းနှင့်ဒေါ်ဝင့်ဝါနိုင်တို့က မြန်မာ့ရုပ်ရှင်များနေ့အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် မြန်မာ့ရုပ်ရှင်များနေ့အဖြစ် သတ်မှတ်ခဲ့ပုံအကြောင်းအရာများ၊ ယခုနှစ်တွင်ကျရောက်သည့် (၁၀၂)နှစ်မြောက်မြန်မာ့ရုပ်ရှင်များနေ့ ကျင်းပဆောင်ရွက်ခဲ့ပုံအကြောင်းအရာများ၊ ရုပ်ရှင်တသက်တာထူးချွန်ဆု ရွေးချယ်ချီးမြှင့်ခဲ့ပုံအကြောင်းအရာများ၊ ယခုနှစ်ဆုရရှိသည့်အနုပညာရှင်အကြောင်းနှင့် မြန်မာပြည်တွင်းရုပ်ရှင်တသက်တာဆုရရှိခဲ့သူများအစရှိသည့် အကြောင်းအရာများကို ဗဟုသုတရရှိစေရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခိုင်ဇာလင်း