ဗဟန်း အောက်တိုဘာ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Mobile Phone ဖြင့် Video Editing ပြုလုပ်နည်းသင်တန်း(၂/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီက ကျင်းပခဲ့သည်
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများခေတ်နှင့်အညီ Mobile Phone ဖြင့် ကျွမ်းကျင်စွာတည်ဖြတ်နိုင်ပြီး မိမိတို့၏ဆောင်ရွက်ချက်များကို ပြည်သူများအား စိတ်ဝင်စားဖွယ်ပြသနိုင်စေရန်နှင့် ဝန်ထမ်းများအရည်အသွေးမြင့်မားလာစေရန်အတွက် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ အမှုထမ်းဝန်ထမ်း(၁၂)ဦးတို့အား Video Editing ပြုလုပ်ရာတွင် အသုံးပြုသည့် Application များနှင့်မိတ်ဆက်ခြင်း Video Intro ပြုလုပ်နည်းနှင့် အသံနေအသံထားမှန်ကန်စွာပြောနည်းများကို သင်တန်းနည်းပြနှစ်ဦးက သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၇.၁၀.၂၀၂၂ မှ ၂၈.၁၀.၂၀၂၂ အထိ) နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ စာတွေ့လက်တွေ့သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန္ဒာမိုး